ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့်ကျေးရွာများသို့ သောက်သုံးရေ လှူဒါန်းခဲ့ရာ ရေဂါလံ နှစ်သိန်းခြောက်သောင်းခြောက်ထောင် လှူဒါန်းခဲ့ပြီဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ သောက်သုံးရေလိုအပ်လျက်ရှိသော ဖြူထွားကျေးရွာ နှင့်ကံကျဲကျေးရွာသို့ ယနေ့နံနက် ၉ နာရီအချိန်က သောက်သုံရေဂါလံ(၃၂၀၀)သွားရောက် လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော် အသင်းအကျိုးတော်ဆောင်များထံက သိရသည်။

လူကြိုက်များသည့် ရွှေလံဗိုလ်ငရုတ် စိုက်ပျိုးခြင်းမှ မိသားစု ပုံမှန်ဝင်ငွေ ရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် ဒေသအခေါ် ရွှေလံဗိုလ် ငရုတ်စိုက်ပျိုးခြင်းကို မိသားစုတနိုင်တပိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၌ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးကိုဗစ်-၁၉ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ  ယနေ့နံနက်(၁၁)နာရီအချိန်တွင်   အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်း (မြရတနာခန်းမ)တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိကျောင်းသား/ကျောင်းသူများအား စုရပ်ဖွဲ့ကာ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဒုတိယအကြိမ် (sinopharm)ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် ရေဝေကျေးရွာတွင် သတ္တမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ကွင်းဆင်းထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်ခြင်းဖြင့် ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၁) နာရီက မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာဖြစ်သည့် တောင်တွင်းကြီးမြို့နယ် ရေဝေကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများကို သတ္တမအကြိမ်မြောက် စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် သီးနှံမျိုးစေ့ထုတ်ခြင်းနှင့် စိုက်ပျိုးရေးနည်းလမ်းများ သင်တန်း ပို့ချ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့စိုက်ပျိုးရေးဦးစီးဌာနတွင် စပါး၊ နေကြာမျိုးစေ့ ထုတ်ခြင်း၊ ပိုးမွှားရောဂါကာကွယ်ခြင်း၊ စိုက်ပျိုးမြေပြုပြင်သုံးစွဲခြင်းနှင့် သီးနှံများအလိုက် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းသင်တန်း ဖွင့်လှစ်ခြင်းအခမ်းနားကို နံနက် ၁၀ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်  ကျင်းပခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ လက်ရက်ကန်း (၆)လ ပထမအကြိမ်သင်တန်းဆင်းပွဲ ကျင်းပ

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ လက်ရက်ကန်း(၆)လ ပထမကြိမ်သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀နာရီအချိန်က ကျင်းပသည်။

မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုဒုံမြို့နယ် ဂုဏ်ဆောင် (၆) ဘာသာစုံ ဂုဏ်ထူးရှင်နှစ်ဦးအား ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့်  မြန်မာအမျိုးသမီးများနေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်  ထူးချွန်စွာ အောင်မြင်ခဲ့သော မုဒုံမြို့နယ်ဂုဏ်ဆောင် (၆) ဘာသာဂုဏ်ထူးရှင် နှစ်ဦးအား ဆုချီးမြှင့်မြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်သည်။

ချောင်းဦးမြို့နယ်၌ ဝါသီးနှံ ဧက ၄၅၀၀ ကျော် စိုက်ပျိုး ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ဘူတာကျေးရွာ၌ ယနေ့ နံနက်ပိုင်းက ဝါစိုက်တောင်သူများနှင့် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ စုပေါင်းပြီး တောင်သူ ဦးဝင်း၏ ယာမြေ ၇ ဧကတွင် ဝါသီးနှံ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဖား​ဆောင်းမြို့နယ်၊ ဝမ်​​အောင်းကယား​ကျေးရွာ၌ အိုမီခရွန်မျိုးရိုးဗီဇ​​ပြောင်း ကိုဗစ်-၁၉​ ရောဂါကာကွယ်​ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေး အကြိမ်ပြည့်ထိုးနှံ​ရေး အသိပညာ​ပေးနှိုး​ဆော်

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် အိုမီခရွန်မျိုးရိုးဗီဇ​ပြောင်း ကိုဗစ်-၁၉ ​ရောဂါကြိုတင်ကာကွယ် သတိပြုနိုင်ကြ​စေရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရေးအတွက် အသိပညာ​ပေးနှိုး​ဆော်ခြင်းကို
Subscribe to