ညောင်ဦး ဇွန် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ သောက်သုံးရေလိုအပ်လျက်ရှိသော ဖြူထွားကျေးရွာ နှင့်ကံကျဲကျေးရွာသို့ ယနေ့နံနက် ၉ နာရီအချိန်က သောက်သုံရေဂါလံ(၃၂၀၀)သွားရောက် လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော် အသင်းအကျိုးတော်ဆောင်များထံက သိရသည်။
ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာများ/တဲတိုက်များသို့ ရန်ကုန်မြို့ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလှူဒါန်းပေးလျက်ရှိရာ ဖြူထွားကျေးရွာအတွက် သောက်သုံးရေဂါလံ (၁၆၀၀)နှင့် ကံကျဲကျေးရွာအတွက်သောက်သုံးရေဂါလံ (၁၆၀၀) လှူဒါန်းပေးနိုင်ခဲ့ရာ ဆောင်းဦးပေါက်ရာသီမှစတင်ပြီး သောက်သုံးရေလှူဒါန်းလာသည့် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတအသင်းအနေဖြင့် သောက်သုံးရေးလိုအပ်နေသော ကျေးရွာများသို့ သောက်သုံးရေဂါလံ (၂၆၆၀၀၀)ဂါလံလှူ ဒါန်းပေးနိုင်ခဲ့ကြောင်း သောက်သုံးရေအကျိုးတော်ဆောင်များထံက သိရသည်။
ကိုကြေးမုံ