မဟာအောင်မြေ ဇွန် ၃၀
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးကိုဗစ်-၁၉ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၁၁)နာရီအချိန်တွင် အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်း (မြရတနာခန်းမ)တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိကျောင်းသား/ကျောင်းသူများအား စုရပ်ဖွဲ့ကာကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဒုတိယအကြိမ် (sinopharm)ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံခြင်းအား သတ်မှတ်ဆေးထိုးစုရပ် ကျောင်းများတွင် ကျောင်းသား/သူများကို ဆေးထိုးအဖွဲ့များမှ ကာကွယ်ဆေးထိုးနှံပေးပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဆရာ/ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များက အနီးကပ်ကြီးကြပ် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ကာကွယ် ဆေးထိုးနှံရာတွင် ကျောင်းသား/သူ (၁၉၈)ဦး ထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသောကျောင်းသား/သူများကိုလည်း စုရပ်ဖွဲ့ကာဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်
အောင်ဇော်မင်း