ကျွန်းစုမြို့တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၄၁၈)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေ ပေးအပ်
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ် (ဧပြီ၊ မေ၊ ဇွန်)လအတွက် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက်သက်ကြီးဘိုးဘွား (၄၁၈) ဦးအား ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ မြို့နယ်လူမှုဝန်ထမ်းရုံးမှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။