မုဒုံ ဇွန် ၃၀
ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော မုဒုံမြို့နယ်ဂုဏ်ဆောင် (၆) ဘာသာဂုဏ်ထူးရှင် နှစ်ဦးအား ဆုချီးမြှင့်မြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မုဒုံမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုခိုင်က ကိုဗစ်ကာလ အခက်အခဲများကြားတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပါဝင်ဖြေဆိုကြပြီး ထူးချွန်စွာ မြို့နယ်ဂုဏ်ဆောင်ပေးနိုင်သည့် ကျောင်းသူများကို ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခြင်း ဖြစ်ကြောင်းနှင့် မြန်မာအမျိုးရေးရာအဖွဲ့ချုပ်၏ ရည်ရွယ်ချက် (၇)ချက် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး (၆)ဘာသာဂုဏ်ထူးရှင်နှစ်ဦးအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် (၆)ဘာသာဂုဏ်ထူးရှင် ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မုဒုံမြို့နယ်ပညာရေးမှူးနှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)