ဆင်ပေါင်ဝဲမြို့နယ်၌ ချည်မျှင်ရှည်ဝါတိုးချဲ့ဧရိယာနှင့် မျိုးစေ့ထုတ်ဧရိယာများအတွက် ဝါမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ဆင်ပေါင်ဝဲ ဇူလိုင် ၂

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်ခန်းမ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂- ၂၀၂၃ ခုနှစ်၊ ချည်မျှင်ရှည်ဝါ တိုးချဲ့ဧရိယာနှင့် မျိုးစေ့ထုတ်ဧရိယာများအတွက် ဝါမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးမှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးအေးနိုင်မှ ဝါမျိုးစေ့ထောက်ပံ့ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ကွင်းပေါင်း(၁၃)ကွင်း၊ ဦးပိုင်ပေါင်း (၂၈၃)၊တောင်သူပေါင်း(၂၈၃)ဦး၏ စိုက်ဧက (၇၃၃.၀၀)ဧကအတွက် ဝါမျိုးစေ့(၇၃၃)အိတ်အား တာဝန်ရှိသူများမှ ထောက်ပံ့ပေးအပ်ခဲ့ရာ သက်ဆိုင်ရာတောင်သူများမှ လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း (ပြန်/ဆက်)