ကျိုက်လတ် ဇူလိုင် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ယနေ့နံနက်ပိုင်းက ယခုမိုးတွင်းကာလတွင် ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းကိုက်ဝမ်းလျှောရောဂါများ ကြိုတင်ကာကွယ်နှိမ်နှင်းရေး၊ ပိုးလောက်လန်းမှအစ ခြင်ပေါက်ဖွားမှု မရှိစေရေးအတွက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နှင်းရေး အရှိန်အဟုန် မြှင့်ဆောင် ရွက်ခဲ့ကြကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ နှင့်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့်မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့တို့ပါဝင် သည့် ပူးပေါင်းအဖွဲ့က ရေကန်များ၊ ရေအိုးများကိုတိုင်းတာ၍ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပိုးလောက် လန်းသေ(Abate) အဘိတ်ဆေးများခတ်ပေးပြီး အိမ်များတွင် ထားရှိသော ဘုရားပန်းအိုးများ၊ မိုးရေများ တင်ကျန်နိုင် သည့် တာယာခွံ၊ ရေအိုးဟောင်းများနှင့် ဘူးခွံများတွင် ရေများတာရှည်စွာ မထားနိုင်ရေး ဆောင်ရွက်ပေးကြရန်၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်စေခြင်း၊ ရေစီးရေလာ ကောင်းမွန်ရေး ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်စေရေးတို့အတွက် ကျန်းမာရေး ဝန်ထမ်းများက အသိပညာပေး ပြောကြားခဲ့ကြသည်။
ဒေါ်ရီရီမြင့်