ဖျာပုံမြို့၌ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များအား ထောက်ပံ့ငွေများ ပေးအပ်

ဖျာပုံ ဇူလိုင် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်အဆင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက်(၉)နာရီ အချိန်က ဖျာပုံမြို့ အထက-၁ အောင်မြေခန်းမ၌ ပြုလုပ်သည်။

အဆိုပါ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်အဆင့် ပြိုင်ပွဲဝင်ရောက်  ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များအား ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ဖျာပုံခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊ ခရိုင်စီမံအုပ်ချုပ်ရေအဖွဲ့အဖွဲ့ဝင်များ၊ ဖျာပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသက်ထားမောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များက ဖျာပုံမြို့နယ် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဖျာပုံမြို့နန်းတွင်းရာမဇတ်အဖွဲ့ ၊ကဗျာလွတ်အကအဖွဲ့ နှင့်စောင်းပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များ၏ လေ့ကျင့်နေမှုများ သွားရောက်ကြည့်ရှုအားပေးကြပြီး၊ ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင် (ဖျာပုံ ခရိုင် ပြန်/ဆက်)