မိုင်းဆတ် ဇူလိုင် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မိုင်းဖုန်းဆရာတော်ဓမ္မာရုံ ထီးတော်တင်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ သံဃာတော်များအား အာရုံဆွမ်းဆက်ကပ်လှူဒါန်းပြီး ဧည့်ပရိတ်သတ်အပေါင်းတို့ကဩကာသကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ကာ သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ဆက်လက်၍ ဆရာတော်၊ သံဃာတော်တို့က ပရိတ်တရားတော်များ ရွတ်ဖက်ချီးမြှင့်တော်မူပြီး နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်သော်ဇင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ ဓမ္မာရုံ မတည်အလှူရှင် ဦးတင်မြင့်နှင့် အလှူရှင်အပေါင်းတို့က လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေခဲ့ကြသည်။
ထို့နောက် ထီးတော်တင်လှူပူဇော်ရန် အလှူရှင်များနှင့် တာဝန်ရှိသူတို့က ထီးတော်၊ စိန်ဖူးတော်တို့ကို ပင့်ဆောင်ကာ ဆရာတော်၊ သံဃာတော်တို့က မိုင်းဖုန်းဆရာတော်ပရိယတ္ထိစာသင်တိုက် ဓမ္မာရုံအား ထီးတော်တင်လှူပူဇော်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)