ကျွန်းလှ ဇူလိုင် ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ကို ယမန်နေ့က ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပထမ (၃) လပတ် (ဧပြီ၊ မေ၊ ဇွန်) လများအတွက် အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွား ၂၁၄ ဦးအား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၆၄၂၀၀၀၀ ကို ရပ်ကွက်၊ ကျေးရွာတာဝန်ရှိသူများနှင့် စာရေးဝန်ထမ်းများက အိမ်တိုင်ယာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ