ဖျာပုံမြို့၌ တတိယအကြိမ် စာပေညီလာခံ အတွေ့အကြုံရှင်းလင်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြန်မာနိုင်ငံစာရေးဆရာအသင်းမှ (၄)နှစ်တစ်ကြိမ် ပြုလုပ်သော တတိယအကြိမ်မြောက် စာပေညီလာခံသို့​ မြို့နယ်ကိုယ်စားလှယ်အ​ဖြစ် တက်ရောက်ခဲ့သော စာရေးဆရာလင်းသစ်က တတိယအကြိမ် စာပေညီလာခံ အတွေ့အကြုံ ရှင်းလင်းခြင်းကို ယမန်နေ့ နေ့လယ်ပိုင်း က ဖျာပုံမြို့၊ ဆရာဇော်ဂျီ ရာပြည့် စာကြည့်တိုက်တိုးချဲ့ဆောင် ဗေဒါခန်းမ၌ ပြုလုပ်သည်။

သာယာဝတီမြို့နယ်တွင် GW-11 အထွက်ကောင်းမျိုးစပါး အစေ့ချကရိယာဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အထွက်နှုန်း ကောင်းမျိုးသန့် GW-11 စပါးမျိုးအား အစေ့ချကရိယာ( Drum Seeder )ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျွန်းကုန်းကျေးရွာရှိ မိုးစပါးစံပြကွက် လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါနှင့် မျိုးဗီဇပြောင်းရောဂါ (အိုမီခရွန်) ကူးစက်ဖြစ်ပွားမှု မရှိစေရေး အတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု ၅၅၇၄၀၀ ဦးထိုးပေးနိုင်ပြီဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ ၅၅၇၄၀၀ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံကသိရသည်။

ဒေသဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် လက်ပံတန်းမြို့နယ်၏ ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း ကျေးရွာ ၁၀ ရွာ စိစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုန်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဂွေးတောက်ကွင်း ကျေးရွာအုပ်စု ဂွေးတောက်ကွင်းအလယ်စု ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက်

၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယက၊ တိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာသင်ထောက်ပံ့ငွေနှင့်စာရေးကိရိယာများပေးအပ်

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးစာရေးကိရိယာများအား ပေးအပ်ခြင်းအခမ်းအနားကို ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းကုန်းကျေးရွာအုပ်စုတွင် အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ပေးအပ်လျက်ရှိရာ ယနေ့ နံနက်(၉)နာရီက လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၌ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များကို ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများတို့က လက်ဝယ်အရောက်ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လိပ်သိုတွင် မက်ခါသီးပင်များကို အပိုဝင်ငွေရရှိရန် ပိုမိုတိုးချဲ့စိုက်ပျိုး

ကရင်ပြည်နယ် ဘားအံခရိုင် လိပ်သိုမြို့ပေါ်နှင့်ကျေးရွာများတွင် မက်ခါသီးပင်များကို ကယားပြည်နယ် လွိုင်ကော်မြို့မှမှာယူ၍ မိမိတို့၏ အိမ်ခြံဝင်းနှင့်ဥယျာဉ်ခြံများတွင် ပိုမိုတိုးချဲ့စိုက်ပျိုး လာလျက်ရှိရာ ပျိုးပင်၏အရွယ်အစား​အပေါ်မူတည်၍ တစ်ပင်ကိုကျပ် ၃၀၀၀ မှကျပ် ၆၀၀၀ အထိရောင်းဝယ်စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

ကျောက်မဲမြို့ပေါ်ရှိ ‌စည်ပင်သာယာဈေးများအား ကျန်းမာရေးဌာနမှ ခြင်ဆေးမှုတ်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးနှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးဌာနနှင့် ရပ်ကွက်မှတာဝန်ရှိသူများသည် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရည်ရွယ်၍ ကျောက်မဲမြို့ပေါ်ရှိ ဗဟို‌ဈေးကြီးနှင့် မင်္ဂလာဈေးတို့တွင် ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
Subscribe to