နမ့်ဆန် ဇူလိုင် ၄
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးစာရေးကိရိယာများအား ပေးအပ်ခြင်းအခမ်းအနားကို ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တာသိန်းဇော်က ပညာသင်ထောက်ပံ့ကြေးပေးအပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဝန်ထမ်းသားသမီးများအား ထောက်ပံ့ငွေနှင့်စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးခင်ဇော်လှိုင်၊ အတွင်းရေးမှူး ညွှန်ကြားရေးမှူးဦးစိုးနိုင်နှင့် ဒေသထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဝန်ထမ်းသားမီးများ တက်ရောက်ကြပြီး ဝန်ထမ်းသားသမီး(၂၃)ဦးအား ထောက်ပံ့ငွေနှင့် စာရေးကိရိယာများကို ပေးအပ်ခဲ့ပြီး အဆိုပါထောက်ပံ့ငွေနှင့် စာရေးကိရိယာစုစုပေါင်း တန်ဖိုးကျပ် (၅၅၀၀၀၀/-) ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)