ကျောက်မဲမြို့ပေါ်ရှိ ‌စည်ပင်သာယာဈေးများအား ကျန်းမာရေးဌာနမှ ခြင်ဆေးမှုတ်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး

ကျောက်မဲ ဇူလိုင် ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးနှင့် ဝန်ထမ်းများ၊  ကျန်းမာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးဌာနနှင့် ရပ်ကွက်မှတာဝန်ရှိသူများသည် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရည်ရွယ်၍  ကျောက်မဲမြို့ပေါ်ရှိ  ဗဟို‌ဈေးကြီးနှင့် မင်္ဂလာဈေးတို့တွင် ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ယခုနှစ်မိုးရာသီအတွင်း ကျောက်မဲမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၈ ဦး ရှိပြီဖြစ်ကြောင်း၊ အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား‌စေသည့် ခြင်များခိုအောင်းနိုင်ခြင်း မရှိစေရေးတို့အတွက် လူအဝင်အထွက်များသည့် ဈေးများအား ခြင်ဆေးမှုတ်ပေးရခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ ကျန်းမာရေးဌာနမှ ဝန်ထမ်းများသည် ဇူလိုင် ၃ ရက်နေ့အထိ ကျောက်မဲမြို့ပေါ်ရှိ အခြေခံပညာကျောင်း ၁၈ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၆ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၂ ကျောင်းတို့အား ခြင်ဆေးမှုတ်‌ပေးခဲ့ပြီးဖြစ်ကြောင်း‌ ကျောက်မဲခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းသန်းအောင်၏ ပြောကြားချက်အရ သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)