လှည်းကူး ဇူလိုင် ၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ပေးအပ်လျက်ရှိရာ ယနေ့ နံနက် (၉) နာရီက လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၌ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များကို ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများတို့က လက်ဝယ်အရောက်ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် တာဝန်ရှိသူတို့က မင်းကုန်းကျေးရွာအုပ်စု အတွင်းရှိ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ(၃) လပတ်အတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေးပင်စင်တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းကို အဘိုး/အဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)