ဘိုကလေးမြို့နယ်တွင် အသက်(၂၀)နှစ်အောက် မိုးရာသီအမျိုးသားဘောလုံးပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ခရိုင်၊ မြို့၊ ရွာမှစ၍ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်း လာစေရေးတို့ကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အောက်ပိုင်း ဘောလုံးကွင်းတွင် ဇွန်(၂၁)ရက်နေ့မှ စတင်၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီ ကွင်းဖွင့် ဖလား အသက်(၂၀)နှစ်နှင့် အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား စတင်ကျင်းပခဲ့ပြီး ယခုအချိန်တွင် အေးချမ်းပျော်ရွှင်စွာဖြင့် ဆက်လက်ယှဉ်ပြိုင် လျက်ရှိသည်။