ကျောက်မဲမြို့ပေါ်ရှိ စည်ပင်သာယာဈေးများအား ကျန်းမာရေးဌာနမှ ခြင်ဆေးမှုတ်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးနှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးဌာနနှင့် ရပ်ကွက်မှတာဝန်ရှိသူများသည် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရည်ရွယ်၍ ကျောက်မဲမြို့ပေါ်ရှိ ဗဟိုဈေးကြီးနှင့် မင်္ဂလာဈေးတို့တွင် ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။