ဒေသဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်

လက်ပံတန်း ဇူလိုင် ၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် လက်ပံတန်းမြို့နယ်၏ ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း ကျေးရွာ ၁၀ ရွာ စိစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုန်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဂွေးတောက်ကွင်း ကျေးရွာအုပ်စု ဂွေးတောက်ကွင်းအလယ်စု ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က ဒေသခံကျေးရွာပြည်သူများ နှင့်တွေ့ဆုံ၍ ဆီထွက်သီးနှံများနှင့် နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဆည်ရေသောက်ဧရိယာအတွင်း ပါဝင်သည့် လယ်ယာမြေများတွင် သုံးသီးစားစိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးမြှင့်မွေးမြူနိုင်ရေး၊ ဒေသနှင့်ကိုက်ညီသည့် အခြားစိုက်ပျိုးသီးနှံများကိုလည်း ရာသီအလိုက် ပိုမိုးစိုက်ပျိုးထုတ်လုပ်နိုင်ရေးတို့ကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍  မြို့နယ်ဌာန ဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ အပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် နှစ်ရှည်သီးပင်များ ကိုင်းကူးဆက်နည်း၊ ကိုင်းပင်စည်မြေးစည်းကပ်နည်း၊ တမာပိုးသတ်ဆေး၊ ငြုပ်ပိုးသတ်ဆေး၊ ဒုတ္ထာနှင့်ထုံးပိုးသတ်ဆေး၊ ကြက်သွန်ဖြူ ပိုးသတ်ဆေး  ပေါင်းသတ်ဆေး ဖျော်စပ်နည်းများ၊ နေဗီယာမြက်စိုက်ပျိုးနည်းများကို ဒေသခံတောင်သူများသို့ လက်တွေ့ သရုပ်ပြဆွေးနွေးခြင်း၊ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဒေသခံများက သိရှိလိုသည်များ မေးမြန်းရာ သက်ဆိုင်ရာဌာနများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)