ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် မြို့မအားကစားကွင်းနှင့်ဘုရားကြီး စေတီကုန်းတို့တွင် အရိပ်ရသစ်ပင်များ ပျော်ရွှင်စွာစိုက်ပျိုး

နမ့်ဆန် ဇူလိုင် ၄

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  နမ့်ဆန်မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် စီမံချက်တို့ ပူးပေါင်းပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှု စီမံချက်သစ်ပင်စိုက်ခြင်း အခမ်းအနားကိုယမန်နေ့နံနက် (၉)နာရီက မြို့မအားကစားကွင်းနှင့်ဘုရားကြီး စေတီကုန်းတို့တွင် စိုက်ပျိုးပေးခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်နှင့် တပ်ဖွဲ့မှူး ဦးခင်မောင်၊  ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် စေတနာရှင်လုပ်အားရှင်များ၊ စီမံချက် ဝန်ထမ်းများ ပူးပေါင်းကာ စိန်ပန်းပြာ၊ မျောက်ငို၊ မယ်ဇလီ၊ ဘောဇကိုင်း၊ ချယ်ရီ၊ ယေမနေနှင့် အခြားပျိုးပင်စုစုပေါင်း (၈၀ )ပင်တို့ကို စိုက်ပျိုးပေးခဲ့ကြောင် သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)