ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ(သတ္တမအကြိမ်မြောက်) ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာစာအောင် ဆုနှင်းသဘင်အခမ်းအနားကျင်းပ

ရမည်းသင်း   ဇူလိုင်   ၄

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ ရန်အောင်မြင်သာသနာ့ဗိမ္မာန်၌ ယမန်နေ့မွန်းလွဲ ၂နာရီက ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ (သတ္တမအကြိမ်မြောက်) နွေရာသီဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာစာအောင်ဆုနှင်းသဘင်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတက်ရောက်လာသည့် ဆရာတော်အရှင်သူမြတ်များ၊ အလှူရှင်များနှင့် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဆုရရှိသူများက နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဩဝါဒ စရိယဇီးဖြူကုန်း ဂန္တဓူရ လင်္ကာဒီပ  ဆရာတော်ထံကဧည့်ပရိတ်သတ်တို့မှသီလဆောက်တည်ကာ တာဝန်ရှိဆရာ တော်အရှင်သူမြတ်များက ဗုဒ္ဓ ဘာသာယဉ်ကျေးလိမ္မာသင်တန်း ဂုဏ်ထူးဖြင့်အောင်မြင်သူများအနက်မှ Top Ten ရရှိသည့် အထက်တန်းဆင့်၊ အလယ်တန်းဆင့်နှင့် မူလတန်းဆင့်ရရှိသူများ အားဂုဏ်ပြဆု၊ ဆုငွေ၊ စာအောင်လက်မှတ်တို့ကို အသီးသီချီးမြှင့်ခဲ့သည်။

ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ  သတ္တမအကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာစာမေးပွဲ ကျင်းပရာဝင်ရောက်ဖြေဆိုသူပေါင်း ၅၃၀၀ဦးရှိပြီး၊စာမေးပွဲအောင်မြင့်သူပေါင်း ၃၃၁၅ဦးအနက် ဂုဏ်ထူးဖြင့်အောင်မြင်သူ ၁၃၁၅ဦးရှိပြီး (Top Ten)ရရှိသူ အထက်တန်းဆင့်(၁၀)ဦး၊ အလယ်တန်းဆင့်(၁၀)ဦးနှင့် မူလတန်းဆင့်(၁၀)ဦးတို့ကို အလှူရှင်များလှူဒါန်းသည့် စက်ဘီး(၁၈)စီး၊ စတီးလ်ချိုင့်(၁၂)ခုတို့ကို မဲဖောက်ကာဆုများချီးမြှင့်ပေးအပ်ပြီး၊ အလှူငွေကျပ်စုစုပေါင်း (၄၅) သိန်းကို ဂုဏ်ထူးဖြင့်အောင်မြင်သူများအား အသီးသီးဆုငွေချီးမြင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ဝင်းအောင်