ညောင်ဦး ဇူလိုင် ၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ဇီးပင်ကြီးတဲတိုက်နှင့် တဲဘုံမဲတိုက်သို့ ယနေ့နံနက် ၉ နာရီအချိန်ကသောက်သုံရေဂါလံ (၃၂၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော်အသင်းအကျိုးတော်ဆောင်များ ထံကသိရသည်။
ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာများ/တဲတိုက်များသို့ ရန်ကုန်မြို့ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလှူဒါန်းပေးလျက်ရှိရာ ဇီးပင်ကြီး တဲတိုက်အတွက် သောက်သုံးရေဂါလံ (၁၆၀၀) နှင့်တဲဘုံမတဲတိုက် အတွက်သောက်သုံးရေဂါလံ (၁၆၀၀)လှူဒါန်းပေးနိုင်ခဲ့ရာ ဆောင်းဦးပေါက်ရာသီမှစတင်ပြီး သောက်သုံးရေလှူဒါန်းလာသည့် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတအသင်းအနေဖြင့် သောက်သုံးရေးလိုအပ်နေသောကျေးရွာများသို့ သောက်သုံးရေဂါလံ (၂၆၄၄၀၀)ဂါလံ လှူဒါန်းပေးနိုင်ခဲ့ကြောင်း သောက်သုံးရေအကျိုးတော်ဆောင်များထံက သိရသည်။
ကိုကြေးမုံ