မြို့သစ်မြို့နယ်တွင် ဖီးကြမ်းငှက်ပျောစိုက်ပျိုးခြင်းအား တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်စိုက်ပျိုး
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ မြို့လုလင်ကျေးရွာတွင် ဖီးကြမ်းငှက်ပျော စိုက်ပျိုးခြင်းကို ယခင်က တစ်နိုင်တစ်ပိုင်သာ စိုက်ပျိုးကြသော်လည်း အမြတ်များများ ကျန်သည့်အတွက် စီးပွားဖြစ် စိုက်ပျိုးလာကြကြောင်း ဒေသခံငှက်ပျောစိုက် တောင်သူများထံမှ သိရသည်။