စမ်းချောင်းမြို့နယ်၌ အာဇာနည်နေ့အထိမ်းအမှတ်အကြို အသိပညာပေး Tallk Show ကျင်းပပြုလုပ်

စမ်းချောင်း ဇူလိုင် ၇

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌  ဇူလိုင်(၁၉) ရက်နေ့တွင်ကျရောက်မည့် (၇၅)ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို  အသိပညာပေး Talk Show ကို ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး Talk  Show  တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်ခင်ငြိမ်းချမ်းဝင်းက Talk show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အာဇာနည်နေ့အကြောင်း အသိပညာ ဗဟုသုတရရှိစေရန် မေးမြန်းခဲ့ရာ စာရေးဆရာမ ပေါက်ပေါက်က အာဇာနည်ရဲ့အဓိပ္ပာယ်၊ အာဇာနည်စိတ်ဓာတ်၊ ဗိုလ်ချုပ်ရဲ့အမှာစကားစသည့် အကြောင်းအရာများကို မျိုးဆက်သစ်လူငယ်တွေ သိရှိစေဖို့ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခင်ငြိမ်းချမ်းဝင်း