မြောင်မြို့တွင် “အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေး”  Talk Show ဆောင်ရွက်

မြောင် ဇူလိုင် ၇

စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် မြို့နယ် အမျိုးသမီးရေးအရာအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်၍ “အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေးTalk Show ဆွေးနွေးမှုကို ယမန်နေ့ နံနက် ၉ နာရီက လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ထက်ထက်လင်းက (Talk Show) ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ဆေွးနွေးခဲ့ပြီးနောက် မြို့နယ်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌ ဒေါ်နန်းခင်မီမီအေးက “အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေး”သိကောင်းစရာများကို ရှင်းလင်း ပြောကြားခဲ့ ကြောင်း သိရသည်။

မြောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာရေး ဆရာများနှင့် စာပေချစ်သူများတို့ဖြင့် ပူးပေါင်းကာ (Talk Show) ဆွေးနွေးပွဲများ ပြုလုပ် ဆောင်ရွက်လျက်ရှိပြီး ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲများကိုလည်း အစဉ်ဆက်မပြက် ပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)