ပြင်စလူမြို့၌ (Youth Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

ပြင်စလူ ဇူလိုင် ၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် (Youth Club) အဖွဲ့ဝင်များနှင့် ချစ်နိုင် (စိတ်ပညာ) ရေးသားထားသော စာပေတာဝန်စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြင်စလူမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမ၌ ယမန်နေ့ ညနေ (၄)နာရီအချိန်ခန့်က ကျင်းပခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်အိအိမွန်က အချိန်ကို အကျိုးရှိ စွာ အသုံးချတက်စေရန်၊ ပြန်/ဆက် ပြည်သူ့စာကြည့်တိုက်များတွင် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းဖတ်ရှု လေ့လာတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်နှင့် ပြောဆိုဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို ကျင်းပပေး ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး စာအုပ်ပါ အကြောင်းအရာအချို့ကို ဆွေးနွေးခဲ့ သည်။

ထို့နောက် (Youth Club) အဖွဲ့ဝင် မောင်ဇင်သူအောင်နှင့် မမေယွန်းလှိုင်တို့က ချစ်နိုင်(စိတ်ပညာ) ရေးသားထား သော စာပေတာဝန်စာအုပ်ထဲမှ စာဖတ်ခြင်းဖြင့် ကြီးမြင့်ကြပါကုန် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာဖတ်လို့ ပျော်ကြတယ် ခေါင်းစဉ်များဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲတွင် (Youth Club) အဖွဲ့ဝင်(၁၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ယောဧရာ (မြို့ပြန်/ဆက်)