ရှင်ဗွေယန် ဇူလိုင် ၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် အသက် ၅ နှစ်မှ ၁၂ ကြား ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို အမှတ် (၃) အခြေခံပညာ မူလတန်း ကျောင်း၌ ယနေ့ နံနက် ၉ နာရီက စတင်ထိုးနှံခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင် ကျေးလက်ကျန်းမာရေးဌာန အမျိုးသမီး ဆရာမ ဒေါ်သီတာနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
ရှင်ဗွေယန် (ပြန်/ဆက် )