ကျောက်ဆည်မြို့နယ်တွင် အသက်(၅)နှစ်အထက် ကျောင်းသား/ကျောင်းသူများနှင့်ကျောင်းပြင်ပ ကလေးသူငယ်(၂၆၉၁၅)ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပေးပြီးဖြစ်

ကျောက်ဆည်  ဇူလိုင်  ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ယနေ့နံနက်(၉)နာရီတွင် အသက်(၅)နှစ်အထက် ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းပြင်ပကလေးသူငယ်(၂၆၉၁၅)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်း ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံရာတွင် အဆင်ပြေစေရေး မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများနှင့် စုကြီးထန်းတောရပ်ကွက်၊ မြို့တော်ခန်းမနှင့် စမာ၊ မင်းစု၊ သံရွာ၊ ဖျောက်ဆိပ်ပင်၊ ရဲရွာ ဒွေးလှစသည့် ပြည်သူ့ကျန်းမာရေးဌာနခွဲများတွင် ထိုးနှံပေးလျက်ရှိကြောင်းနှင့် ပထမအကြိမ်တွင် အသက်(၅)နှစ်မှ(၁၅)နှစ်အတွင်း ကျောင်းသား/ကျောင်းသူ (၂၆၁၁၅)ဦး၊ ကျောင်းပြင်ပကလေးသူငယ် (၈၀၀)ဦး၊ အသက်(၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူ (၈၄၉၆)ဦး၊ အသက်(၁၅)နှစ်နှင့် (၁၈)နှစ် အတွင်း သာမဏေနှင့်သီလရှင် (၁၄၈၄)ဦး၊ အသက်(၁၈)နှစ်အထက် ပြည်သူ (၁၆၇၆၂၁)ဦး စုစုပေါင်း (၂၀၄၅၁၆)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်းသိရှိကာ ဒုတိယအကြိမ်အဖြစ် (၁၅)နှစ်နှင့် (၁၈)နှစ်အတွင်း သာမဏေနှင့်သီလရှင်(၁၀၃၀)ဦး၊ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ (၈၁၃၉)ဦး၊ ပြည်သူ(၁၄၉၈၅၈)ဦး၊ စုစုပေါင်း(၁၅၉၀၂၇)ဦးနှင့် ထပ်ဆောင်းကာကွယ်ဆေး(၁၆၆၆၁)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ပြည်သူများကာကွယ် ဆေးထိုးနှံရန် ကျန်ရှိမှုမရှိရေး ကာကွယ်ဆေးထိုးစုရပ်များတွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)