မောက်မယ် ဇွန် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၂ခုနှစ် ဇူလိုင်လ(၁၉)ရက် နေ့တွင်ကျရောက်မည့်(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲကို မြို့နယ်အဆင့် အခြေခံပညာအထက်တန်းကျောင်း၌ လည်းကောင်း အလယ်တန်းဆင့်နှင့် မူလတန်းဆင့်ပြိုင်ပွဲကို စျေးတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌လည်းကောင်း ယနေ့နံနက်(၉) နာရီက ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြင့် ကျောင်းသား/ကျောင်းသူများအား ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို လေးစားတန်ဖိုးထားတတ်စေရန်၊ အာဇာနည် မျိုးချစ်စိတ်ဓါတ်ပေါ်ထွန်းလာစေရန်၊ အာဇာနည်အထိမ်းအမှတ် နေ့ထူးနေ့မြတ်များကို မမေ့စေရန်ရည်ရွယ်၍ ပြိုင်ပွဲများပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းနေအောင်ထံမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)