မာန်အောင် ဇူလိုင် ၈
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးကုဌာနမှ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ခြင်းတို့ကို ယမန်နေ့ ညနေ၃နာရီက ရန်အောင်မြင်ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တိုင်းရင်းဆေးမှူးဦးမြင့်ဦးမှ ကျောင်းသား/သူများအား တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် အစားအသောက်ဆိုင်ရာများကို ဟောပြောခဲ့ပြီး ဆရာ/ဆရာမများအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ တိုင်းရင်းဆေးဖြင့် ကုသပေးခြင်း စသည့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သိန်းဖေ (ပြန်/ဆက်)