မန်တုံမြို့နယ်တွင် ပိုးလောက်လန်းကင်းစင်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့်အဘိတ်ဆေးခပ်ခြင်းဆောင်ရွက်

မန်တုံ  ဇူလိုင်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပိုးလောက်လန်းကင်းစင်ရေး  ဖုံး၊ သွန်၊ လဲ၊ စစ်၊ အဘိတ်ဆေးခပ်ခြင်းနှင့် ယင်လုံအိမ်သာများ စစ်ဆေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးအဖွဲ့ဝင်များက သောက်သုံးရေထည့် ရေလှောင်ကန်များ၊ အုတ်ကန်များတွင် ခြင်ခိုအောင်းခြင်းမရှိစေရန်နှင့် ပိုးလောက်လန်းများမရှိစေရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများအား လက်တွေ့ရှင်းလင်းပြသ အသိပညာပေး ရှင်းလင်းပြောကြားပြီး အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မန်တုံ