မင်းလှမြို့နယ်၌ မိုးရာသီတိရစ္ဆာန်အစာပင် (နေဗီယာမြက်) စိုက်ပျိုး

မင်းလှ ဇူလိုင် ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အုတ်တွင်းကျေးရွာအုပ်စု၊ အုတ်တွင်းကျေးရွာတွင် တောင်သူ ဦးဝင်းညွှန့်ပိုင်ယာမြေ (၀.၀၇)ဧကတွင် မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက်စု‌ပေါင်းစိုက်ပျိုးခြင်းကို ယနေ့ နံနက် ၁၀ နာရီချိန်က‌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် အဖွဲ့ဝင်များက တောင်သူများထံ တိရစ္ဆာန်အစာပင်(နေဗီယာမြက်)မျိုးများပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ သီဟကျော်ဇော်ဦး၊ ဒေသခံ တောင်သူများတို့က တိရစ္ဆာန်အစာပင်(နေဗီယာမြက်)များကို စုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။

အဆိုပါ တိရစ္ဆာန်အစာပင် နေဗီယာမြက်မျိုးများကို စိတ်ဝင်တစားစိုက်ပျိုးမည်ဆိုပါက အခမဲ့ဖြန့်ဝေပေးခြင်းနှင့် စိုက်ပျိုးနည်းစနစ်များကို ပြသဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးမှ သိရသည်။

ပေါက်စ(မင်းလှ)