ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ  အသက်(၅)နှစ်နှင့် (၁၂)နှစ်ကြား ကျောင်းသား/သူများအား (ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး

မောင်တော ဇူလိုင် ၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ် နှင့် (၁၂)နှစ်ကြားရှိ ကျောင်းသား/သူများအား (ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်ကျောင်း စုရပ် နေရာများတွင်  ကျန်းမာရေးဝန်ထမ်းများက ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ စာရင်းများ မှတ်ယူခြင်း ၊ ကျန်းမာရေး ဝန်ထမ်းများက လာရောက် ထိုးနှံသည့် အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်နှင့် (၁၂)နှစ်ကြားရှိ ကျောင်းသား/သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန် အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့် ကျောင်းသား/သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကာကွယ်ဆေးထိုးနှံနေမှုများအား ဌာနဆိုင်ရာများ၊ ဆရာ/မ များ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် တာဝန်ရှိသူများက ကူညီ ဆောင်ရွက်ပေး လျက်ရှိသည်။

မောင်တောမြို့နယ် အခြေခံပညာကျောင်းများရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရမည့် အသက်(၅)နှစ်နှင့် (၁၂)နှစ်ကြားရှိ ကျောင်းသား/သူများထဲမှ ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ကာကွယ်ဆေး (ဒုတိယ)အကြိမ်အဖြစ် ကျောင်းသား / သူ ၅၄၅ ဦးအား ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးပြီးဖြစ်ရာ ကျန်ရှိသူ ကျောင်းသား/သူများအား ဆက်လက် ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)