မဘိမ်း ဇူလိုင် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ မြို့နယ်အတွင်းရှိ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ဉာဏ်ရည်ထက်မြက်ဖွံ့ဖြိုးစေရန်အတွက် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို မဘိမ်းမြို့ပေါ်ရှိ ရပ်ကွက်လေးရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ အသက်(၁)နှစ်ခွဲအောက်ကလေးငယ် ၇၅ ဦးတို့အား အဆုတ်ရောဂါကာကွယ်ဆေး၊ ငါးမျိုးစပ်ဆေး၊ ဆုံဆို့ကြက်ညှာ၊ အသည်းရောင်အသားဝါ၊ ဦးနှောက်အမြှေးရောင်၊ နမိုးနီးယားကာကွယ်ဆေး၊ ပိုလီယိုသောက်ဆေးနှင့်ထိုးဆေး၊ ပြင်ထန်ဝမ်းရောဂါကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြပြီး ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနများတွင် တစ်လလျှင်တစ်ကြိမ် ထိုးနှံတိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)