ကစိုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ အသက်(၅)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ကွင်းဆင်း ထိုးနှံပေး

ပိုင်ကျုံ  ဇူလိုင် ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် (၅) နှစ်နှင့်အထက်  ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုမှကင်းဝေးစေရန်နှင့် စိတ်‌‌ အေးချမ်းသာစွာ ပညာသင်ကြားနိုင်‌စေရန်၊ ကာကွယ်‌ဆေးအကြိမ်ပြည့်ထိုးနှံနိုင်ရေးအတွက် ကစိုကျေး အ.လ.ကကျောင်းရှိကျောင်းသား/သူများအားဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကွင်းဆင်းထိုးနှံ ပေးလျက်ရှိကြောင်း  သိရသည်။

ကစိုကျေးရွာ အခြေခံပညာအလယ်တန်း‌ကျောင်းရှိ အသက်(၅)နှစ်နှင့်အထက်ကျောင်းသားကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံသူစုစုပေါင်း (၆၃၅) ဦး ရှိကြောင်း၊ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခြင်း ပထမရက်တွင် ကျောင်းသား/သူ စုစုပေါင်း (၃၀၃)ဦး ထိုးနှံပေးနိုင်ခဲ့ပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် ကျောင်းသား/သူများကိုလည်း ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက်   ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများတို့က ဆက်လက်ကွင်း‌ဆင်းထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

‌အဆိုပါဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်ကြီးကြပ်မှုဖြင့် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုးနှင့် ကျန်းမာ ရေးဝန်ထမ်းများ ကာကွယ်ဆေးလာရောက်ထိုးနှံသည့်ကျောင်းသား/သူများအား ‌ကာကွယ် ဆေးထိုးနှံပေးလျက်ရှိပြီး  သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများမှ ဆရာ၊ ဆရာမများနှင့် အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများတို့ ပူးပေါင်း၍ ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ကျောင်းသား၊ကျောင်းသူများအား အဆင်ပြေလွယ်ကူစွာ ဆေးထိုးနှံနိုင်ရေးအတွက် ကိုယ်အပူချိန်တိုင်း တာ‌ပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာ‌ပေးခြင်းလုပ်ငန်းများအား ဝိုင်းဝန်းကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 နော်ခူး(ပြန်/ဆက်)