ကျောက်ဆည်မြို့နယ်တွင် အင်္ဂတေပစ္စည်းအမျိုးမျိုးပြုလုပ်ရောင်းချသူများ အဆင်ပြေ

​ကျောက်ဆည်  ဇူလိုင်  ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အင်္ဂတေပစ္စည်းအမျိုးမျိုး ပြုလုပ်ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်းသိရှိရပြီး အင်္ဂတေပစ္စည်းများပြုလုပ်ရောင်းချရာတွင် ဝယ်ယူသည့်ပြည်သူများအကြိုက် အသုံးအဆောင်ပစ္စည်းမျိုးစုံ၊ အရွယ်အစားမျိုးစုံ ပြုလုပ်ရောင်းချရသည့်အတွက် အဆင်ပြေလျက်ရှိကြောင်းနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်လာသည့်နှင့်အမျှပစ္စည်းများပိုမိုရောင်းချရကြောင်း အင်္ဂတေပစ္စည်းမျိုးစုံ ကိုယ်တိုင်ပြုလုပ်ရောင်းချနေသည့် ဦးဇော်လတ်က ပြောပြ၍ သိရသည်။

အင်္ဂတေနှင့်ပြုလုပ်သည့်ပစ္စည်းများမှာ ကျောက်စားပွဲများ၊ ကျောက်ထိုင်ခုံများ၊ ကွန်ကရစ်တိုင်များ၊ အဆောက်အဦအောက်ခံကျင်တွယ်ခုံများ၊ ရေတွင်းဂွေများ၊ ရေပြွန်များ၊ ရေကန်များ၊ နွားစားကျင်းများ၊ အင်္ဂတေအုတ်များစသည့် ပစ္စည်းများဖြစ်ပြီး ပစ္စည်းများပြုလုပ်ရောင်းချရာတွင် လုပ်ငန်းများတွင်ကျယ်လာသဖြင့်  အင်္ဂတေပစ္စည်းမျိုးစုံ ပြုလုပ်ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)