ကြံခင်းမြို့နယ် (Community Centre) ခန်းမတွင် တိုင်းရင်းဆေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ကြံခင်း  ဇူလိုင်  ၈

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်း ဆေးဦးစီးဌာနတို့ ပူးပေါင်းပြီး ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ တိုင်းရင်းဆေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ တွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က ကျန်းမာရေး အသိပညာပေးစာစောင်များ၊ ဆောင်းပါးများအား ပြည်သူများဗဟုသုတရရှိဖွယ် လေ့လာနိုင်ရန် ဆွေးနွေးပြီး မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနမှ တိုင်းရင်းဆေးမှူး ဒေါ်သူဇာမြင့်က ဆီးချို၊ သွေးချို၊ သွေးတိုးရောဂါများနှင့် ပတ်သက်ပြီး အသိပညာပေး ဆွေးနွေးသည်။

ထို့နောက် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သူဇာမြင့်က ဆွေးနွေးပွဲ တတ်ရောက်လာသူများကို ဆေးကုသပေးခြင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျန်းမာရေးဆိုင်ရာ စာအုပ်၊ စာစောင်များနှင့် အခြား ဗဟုသုတရဖွယ်စာအုပ်၊ စာစောင်များအား အသိပညာပေး ခင်းကျင်းပြသထားရာ တတ်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)