ပန်းဘဲတန်း ဇူလိုင် ၈
ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် (အကြို) စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့က ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြော ကြားခဲ့ပြီး စာရေးဆရာမ တင်ထက်ထက်ဇော် (ပေါက်ပေါက်)က စာရေးဆရာ သန်းဝင်းလှိုင် ရေးသားသော “အာဇာနည်နေ့ ( သို့မဟုတ် ) မြန်မာ့သမိုင်း၌ မမေ့သင့်သောနေ့တစ်နေ့” စာအုပ်ဖြင့်စာဖတ်ဝိုင်း ပြုလုပ်ခဲ့ရာ ဆရာမက အာဇာနည်နေ့ ဆိုသည်မှာ၊ အာဇာနည်စိတ်ဓါတ်၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်း၊ အာဇာနည်ခေါင်းဆောင်များ၏ အကြောင်း၊ ဗိုလ်ချုပ်၏ စိတ်ဓါတ်ကိုလေးစားအားကျ၍ ယနေ့ခေတ် လူငယ်လူရွယ်များမှာ လွတ်လပ်ရေး၏ အနှစ်သာရကိုသိရှိပြီး ကိုယ်နိုင်ငံကို ချစ်မြတ်နိုးထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိပါကြောင်း ဆွေးနွေးခဲ့ပါသည်။
ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ စာရေးဆရာမ တင်ထက်ထက်ဇော် (ပေါက်ပေါက်)က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)