တောင်သာ ဇူလိုင် ၈
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ တောင်သူများအဆင်ပြေစေနိုင်ရေးအတွက် နိုင်ငံတော်က အတိုးနှုန်းသက်သာစွာဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဒေသခံတောင်သူများအား ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးရာတွင် နှမ်း၊ မြေပဲ စိုက်ပျိုးဧက တစ်ဧကကို ငွေကျပ်( ၁၀၀၀၀၀/-)နှုန်းဖြင့် ညောင်တိုကျေးရွာနှင့် ကန်မြဲကျေးရွာရှိ တောင်သူ(၁၀)ဦး စိုက်ပျိုးဧက (၆၆)ဧက စုစုပေါင်းငွေကျပ်(၆၆)သိန်းကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးပေး ကြောင်းသိရသည်။ ကျန်ရှိသည့် တောင်သူများအားလည်း စိုက်ပျိုးစရိတ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တောင်သာမြို့နယ်မန်နေဂျာ ဦးသက်ခိုင်ဇော်ထံမှ သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)