လှိုင် ဇူလိုင် ၈
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့်(၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပိုစတာနှင့်ပန်းချီပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီအချိန်က စတင်ကာ အ.ထ.က(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
အဆိုပါပြိုင်ပွဲသို့လှိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ကျောင်းသား/ ကျောင်း သူ (၂၅၀) ဦး ဝင်ရောက်ယဉ်ပြိုင် ခဲ့ကြသည်။ ပြိုင်ပွဲဝင်ကျောင်း သား/ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမ များက ပူး ပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက်(၇၅)နှစ်မြောက် ဇူလိုင်(၁၉)ရက်နေ့၌ ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြိုစာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပိုစတာနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြမည့် ကျောင်းသား/ ကျောင်းသူများအား မြို့နယ်ပညာရေးစုံညီပွဲတော်တွင် ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ကျော်ရဲအောင်