ပိုင်ကျုံ ဇူလိုင် ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးအန္တရယ်အကြောင်း အသိပညာဗဟုသုတ ပိုမိုရရရှိစေရန်ရည်ရွယ်၍ ယမန်နေ့က မူးယစ်ဆေးဝါး အန္တရာယ်အသိပညာဟောပြောပွဲ ဆောင်ရွက်ခဲ့ သည်။
ရှေ့ဦးစွာ ပိုင်ကျုံမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ဟောပြောပွဲဆောင်ရွက် ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပိုင်ကျုံအ.ထ.ကကျောင်းမှ အထက်တန်းပြ ဆရာဒေါ်ပွင့်ဖြူက မူးယစ်ဆေးဝါးဖြစ်ပေါ် လာပုံ၊ လူအများစတင်သုံးစွဲပုံနှင့်မူးယစ် ဆေးဝါး၏ ဆုံးကျိုးများကိုရှင်းလင်းပြောကြားပြီး ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နော်ခူးခူးကလူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားရာတွင် မူးယစ်ဆေးဝါး အမျိုးအစားများ၊ လူငယ်များမူးယစ်ဆေးဝါးသုံးစွဲရသည့်အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးသည် လူငယ်များအတွက် အန္တရာယ်ရှိပုံနှင့် လူငယ်များမူးယစ်ဆေးသုံးစွဲခြင်းမှ ကာကွယ်နိုင်မည့်နည်းလမ်းများ စသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်အား ကျောင်းသားလူငယ်များက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
နော်ခူး(ပြန်/ဆက်)