ရှင်ဗွေယန် ဇူလိုင် ၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ရှင်ဗွေယန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လမ်းညွှန်မှု ဖြင့် မြို့တိုက်နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ရှင်ဗွေယန်မြို့ အခြေခံ ပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသည့် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား/သူများ ကျား (၁၇၆) ဦး၊ မ (၁၉၆) ဦး စုစုပေါင်း(၃၇၂)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကိုဒုတိယအကြိမ်အဖြစ် ထိုးနှံပေးခဲ့ကြောင်း သတင်းရရှိသည်။
ရှင်ဗွေယန်(ပြန်/ဆက်)