ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်

ဘားအံ ဇူလိုင် ၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်(၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အကြို အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက်   ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲ Talk Show တွင်  ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စိုးစိုးအေးက အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့ဝင် ဆရာဦးသန်းအောင်(မောင်လူဝိုင်း)က အာဇာနည်စိတ်ဓာတ်၊ အာဇာနည်ခေါင်း ဆောင်ကြီးများ၏ ကိုယ်ကျိုးထက် အများအကျိုး သယ်ပိုးခဲ့ကာ စွန့်လွှတ်အနစ်နာခံခဲ့ပုံများ၊ အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကလေးဘဝ၊ တက္ကသိုလ်ကျောင်းသားဘဝ၊ နိုင်ငံရေးသမားဘဝ၊ တပ်မတော်သားဘဝ၊ အမျိုးသားခေါင်းဆောင်ဘဝ ဖြတ်သန်းခဲ့သည့် လေးစားအတုယူဖွယ် စံနမူနာထားအပ်သည့် အကြောင်းအရာများကို မျှဝေဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)