ပင်လုံမြို့(Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆောင်ရွက်

ပင်လုံ   ဇူလိုင် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ရုံး(Community Centre)ခန်းမ၌ စာရေးဆရာထိန်လင်း (BE.Mechanical)၏ ကမ္ဘာကြီးကိုပြုပြင်ပြောင်းလဲ​ကြသူများ၏ ဘဝပုံရိပ်များစာအုပ်ဖြင့် စာဖတ်ဝိုင်းအားယနေ့ နံနက် ၁၀ နာရီအချိန်ကဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှုးဒေါ်အိမြတ်နိုးသူက စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး Book Club အဖွဲ့ဝင် ဆရာလှသန်း(ဓမ္မအလင်းရောင် ပင်လုံမြေ)က တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူ ကျောင်းသား/ကျောင်းသူများအား စာကြည့်တိုက်ကို လာရောက်အသုံးပြုခြင်းဖြင့် မိမိအားသာ ရာစိတ်ကြိုက်စာပေများကို ရွေးခြယ်ဖတ်ရှု့လို့ရကြောင်း၊ စာပေဖတ်ရှု့ခြင်းဖြင့် ရရှိနိုင်မည့် အသိပညာဗဟုသုတ အကျိုးကျေးဇူးများအကြောင်း၊ စာပေဖတ်ရှု့ခြင်းဖြင့် လောကဓံကို ရင်ဆိုင်ကြုံတွေ့လာရင် စာမဖတ်သူများထက် ပိုမိုခံနိုင်ရည်ရှိကြောင်း၊ အခြေခံပညာအပြင် စာဖတ်ခြင်းဖြင့် ပြင်ပအသိပညာအတတ်ပညာများရရှိပြီး ကမ္ဘာကြီးကို ပြုပြင်ပြောင်းလဲ ကြသူများ၏ ဘဝပုံရိပ်များ စာအုပ်ထဲမှာပါရှိတဲ့ ပုဂ္ဂိုလ်(၆)ဦးကဲ့သို့ တိုးတက်​ပြောင်းလဲနိုင်ကြောင်း ထို့ကြောင့် စာပေများများ ဖတ်စေလိုကြောင်း ဆွေးနွေးဟောပြောခဲ့ပါ သည်။ အဆိုပါစာဖတ်ဝိုင်းသို့ စာပေချစ်မြတ်နိုးသူစုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)