ကမမောင်း ဇူလိုင် ၈
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ တစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၉) နာရီက ကျေးလက်ကျန်းမာရေးဦးစီးဌာနတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးရာတွင်ကျန်းမာရေးဌာနမှ ၀န်ထမ်းများက အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များကို ဘီစီဂျီ၊ ပြင်းထန် ၀မ်းပျက်၀မ်းလျှော (ရိုတာ) ပိုလီယို ပြင်းထန် အဆုတ်ရောင် (ပီစီဗီ) ၀က်သက်ဂျိုက်သိုး ကာကွယ်ဆေးများကို အသက်အရွယ်၊ အပိုင်းအခြားအလိုက် ထိုးနှံပေးရာတွင် ပုံမှန်ကာကွယ်ဆေး လာရောက်ထိုးနှံသော အသက်တစ်နှစ်ခွဲအောက်ကလေးငယ်(၁၈၀)ဦးလာရောက် ထိုးနှံခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးများ လာရောက်ထိုးနှံသည့် မိခင်နှင့်ကလေးများအား ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ အ၀င်တွင်လက်ကို စနစ်တကျဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်ခြင်း၊ ပုံမှန် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သန့်ဇင်(ပြန်/ဆက်)