မင်းပြားမြို့၌ ငါးလုပ်ငန်းဦးစီးဌာနက ဒေသခံတိုင်းရင်းသားများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရန် ရေချိုငါးသားပေါက်စခန်း ဖွင့်လှစ်

မင်းပြား ဇူလိုင် ၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် ငါးလုပ်ငန်း​ဦးစီးဌာနက ငါးမျိုးစိတ် စဉ်ဆက် ပပြတ်အောင် မြန်စွာ ဖွံ့ဖြိုးလာစေရန်၊ ရေချိုငါးသားပေါက်စခန်းကို ယမန်နေ့က ဖွင့်လှစ်ခဲ့သည်။

ထိုသို့် မင်းပြားမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ရေချိုငါးသားပေါက်စခန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ မင်းပြားမြို့နယ်အတွင်း အခြေခံ ငါးစားသောက်မှုလုပ်ငန်း ဖူလုံရေးအတွက် ရေချိုငါး မွေးမြူရေးလုပ်ငန်း စဉ်ဆက်မပြတ် အောင်မြင်စွာ ဖွံ့ဖြိုးတိုးတက်လာစေရန်၊  ဒေသခံတိုင်းရင်းသား အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်၊ မီသားစုဝင်ငွေ တိုးပွားလာစေရန်၊  ငါးစားနပ်ရိက္ခာ ဖူလုံပြီး ပိုလျှံငါးများအား မြို့နယ်ပြင်ပသ ဖြန့်ဖြူးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ရေချိုငါးသားပေါက်စခန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း မင်းပြားမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ငွေစိုးက ပြောကြားသည်။

ဆက်လက်ပြီး အခြေခံ ငါးမွေးမြူရေးနှင့် ဆေးထိုးသားပေါက် စာတွေ့လက်တွေ့ သင်တန်းကို ယမန်နေ့မှ ယနေ့အထိ မင်းပြားမြို့နယ် ငါးလုပ်ငန်းဦးစီးမှူးနှင့် ကျွမ်းကျင် ဝန်ထမ်း များက သင်ကြား ပို့ချခဲ့ကြောင်း မင်းပြားမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

သိန်းနုအောင်