ရေဖြူမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

ရေဖြူ ဇူလိုင် ၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre)တွင် ‌ယနေ့ နံနက် ၉ နာရီက ရေဖြူမြို့နယ် ကြက်ခြေနီတပ်ဖွဲ့က ဦးဆောင်၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးစာ အတွေ့အကြုံ ရှင်းလင်းခြင်းနှင့် မိုင်းအန္တရာယ်အသိပညာပေးဟောပြောပွဲ ပြုလုပ်ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် ရေဖြူမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဒုတပ်ခွဲမှူး ဦးထွန်းပြည့်အောင်က အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းအတွေ့အကြုံကို ရှင်းလင်းပြီးမြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးခင်မောင်မြင့်ကဖြည့်စွက်၍ ပြန်လည်ပြောကြားပေးခဲ့သည်။

ဆက်လက်၍ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ၏ ဒုတပ်ဖွဲ့မှူး ဒေါ်သီတာတင်က မိုင်းအန္တရာယ် အသိပညာပေးခြင်း အစီအစဉ်တွင် မိုင်းအန္တရာယ် အသိပညာပေးပြေားခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားသို့ ရေဖြူမြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အသင်းဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင် (၃၃)ဦးတို့ တက်ရောက်ခဲ့ကြောင်းသိရသည်။

ခတ္တာ