ပခုက္ကူ ဇူလိုင် ၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက် ၁၀နာရီအချိန်က စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပခုက္ကူခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများ၊ စားသုံးသူ ကော်မတီအဆင့်ဆင့် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးနေမှုများ၊ ၂၀၁၉ ခုနှစ်၊ မတ်လမှစတင်ပြဌာန်းသည့် စားသုံးသူကာကွယ်ရေး ဥပဒေအရ ကုန်စည်နှင့်ဝန်ဆောင်မူများကို တိုက်ရိုက်သုံးစွဲစားသုံးသူ ပြည်သူအများရရှိခံစားရမည့် အကျိုးကျေးဇူးများနှင့်သိရှိသင့်သည့် အချက်အလက်များနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေး ဟောပြောသည်။
ယင်းနောက် တက်ရောက်လာသည့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများက စားသုံးသူရေးရာ အကြောင်းနှင့်ပတ်သက်၍ မိမိတို့သိရှိလိုသည်များကို အသီးသီးမေးမြန်းကြရာ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြန်လည်ရှင်းလင်းဖြေကြားကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)