မြန်အောင်တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကျနိုင်ခြေရှိ၍ ပြောင်းရွှေ့ရသော အိမ်ထောင်စုများအား ထောက်ပံ့

မြန်အောင် ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် မကျီးစုတာကြီးတန်း၌ ဧရာဝတီ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကျနိုင်ခြေရှိ၍ ပြောင်းရွှေ့ရသော အိမ်ထောင်စုများအား  ယနေ့ နံနက်ပိုင်း၌ ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းတို့က ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကျနိုင်ခြေရှိ၍ ပြောင်းရွှေ့ရသော နေအိမ်(၆)လုံးမှ အိမ်ထောင်စု(၆)စု လူဦးရေ(၂၉)ဦးအတွက် ဆန်ရိက္ခာဖိုး (၆၀၉၀၀/)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀၀၀၀/)ကျပ် စုစုပေါင်း (၆၆၀၉၀၀/)ကျပ်ကို ဘေးသင့်အိမ်ထောင်စုများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြ ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်