ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြို ဟောပြောပွဲ၊ စာအုပ်စာစောင်ပြ၊  နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲများကျင်းပ

ကလိန်အောင်  ဇူလိုင်  ၈

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ရောက်ရှိမည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊နံရံကပ်စာ‌စောင်နှင့်ဓာတ်ပုံပြပွဲများကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့နံနက် ၁၁နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်‌ခင်ခင်လဲ့က ကျောင်းသားကျောင်းသူများအနေဖြင့်"နေ့ထူးနေ့မြတ်ရက်များကို သိရှိစေရန်နှင့် တန်ဖိုးထားတတ်စေရန် အာဇာနည်နေ့ဖြစ်ပေါ် လာပုံသမိုင်းအကြောင်းအရာများနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောပြီးစာအုပ်စာစောင်ပြပွဲ၊နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲများကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားကြောင်းသိရသည်။

ထို့နောက် အသိပညာပေး နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲများပြသထားပြီး စာအုပ်စာစောင်များ ကိုလည်းခင်းကျင်းပြသထားရာတွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ၊ မြန်မာ့ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မှတ်တမ်းများနှင့်မိန့်ခွန်း ကောက်နှုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရစကားများ၊ အာဇာနည်(၉)ဦး သမိုင်းအကြောင်းအရာများနှင့် အသိပညာပေးစာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာတွင် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြပြီး သိရှိလိုသည့်များအားမေးမြန်းရာ စာကြည့်တိုက်လက်ထောက်-၃ က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

ခင်ခင်လဲ့