ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေလှပစေရေး စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ခရမ်း ဇူလိူင် ၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှုး၍ ခရမ်းမြို့အထက (ကွမ်းမိုးဒိမ်း) ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေ၍၊ သာယာလှပစေရေးအတွက် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်စုပေါင်းစိုက်ပျိုးပွဲသို့ ခရမ်းမြို့နယ် ကြက်ခြေနီအသင်းခွဲတပ်ဖွဲ့မှူး ဒေါ်ခင်မိုးလွင်နှင့် တပ်ဖွဲ့ဝင်များက အထက (ကွမ်းမိုးဒိမ်း) ကျောင်းကြက်ခြေနီ တပ်ဖွဲ့ဝင်များ နှင့် ပူးပေါင်း၍ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းသာယာရေးအတွက် ကြီးမြန်သစ်ပင်များ၊ ပန်းအလှပင်များအား စုပေါင်းစိုက်ပျိုးပြီး သဘာဝဘေးအန္တရာယ်အကြောင်းနှင့် ရှေးဦးပြုစုနည်းအား အသိပညာပေးဟောပြောဆွေးနွေးပြီး ကျောင်းအတွက် ကြက်ခြေနီဆေးသေတ္တာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုမင်း( ခရမ်း )