လင်းခေးမြို့နယ်အဆင့် အခြေခံပညာအထက်တန်းကျောင်းတွင် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲကျင်းပ

လင်းခေး  ဇူလိုင် ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နယ်အဆင့် (၇၅)နှစ်မြောက် အာဇာနည်နေ့  အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲကို  ယမန်နေ့ နေ့လည် ၁ နာရီ က အခြေခံပညာ အထက်တန်းကျောင်းရှိခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲများတွင် မူလတန်းနှင့်အလယ်တန်းအဆင့် ကဗျာ၊ စာစီစာကုံးနှင့် အထက်တန်းအဆင့် တွင်စာစီစာကုံး၊ကဗျာနှင့်ဆောင်းပါး တို့ယှဉ်ပြိုင်စေခဲ့ပြီး အ.ထ.က(လင်းခေး)   ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၇) ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါးဖြေဆိုနေမှုကို မြို့နယ်ပညာရေးမှူး၊ ဒေါ်နန်းထားကြည်၊ အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာမိုးနိုင်နှင့် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းတို့မှ သက်ဆိုင်ရာ ဆရာ၊ ဆရာမများက ကြီးကြပ် ဆောင်ရွက်၍ ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက‌ပေးအပ်ခဲ့ကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)